
ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နိုင်ငံတော်အဆင့်အခမ်းအနားများ အမြန်ဆုံးပြန်လည် လက်ခံကျင်းပမည့် ကျောက်စိမ်းခန်းမ (Jade Hall)အတွက် လိုအပ်သောမျက်နှာကြက်ဖရိန်များရောက်ရှိနေမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
27 August 2025 : 15:08:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ကော်မတီဝင်(၁) ဦးထွန်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၇-၈-၂၀၂၅) ရက်နေ့ နံနက်(၉:၄၅)နာရီအချိန်၌ ငလျင်ကြောင့်ပျက်စီးခဲ့သော MICC-1 အဆောက်အဦကို ရွှေတော်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ ပြန်လည်ပြုပြင်လျက်ရှိရာ နိုင်ငံတော်အဆင့်အခမ်းအနားများ အမြန်ဆုံးပြန်လည်လက်ခံ ကျင်းပမည့် ကျောက်စိမ်းခန်းမ (Jade Hall)အတွက် လိုအပ်သောမျက်နှာကြက်ဖရိန်များရောက်ရှိနေမှုများနှင့် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးရေး လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရန် အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။