News Image

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့သို့ လှည့်လည်၍ ဈေးရောင်းချပေး

05 June 2026 : 15:06:00

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ (၅.၆.၂၀၂၆)ရက်နေ့၌ ဈေးရောင်း မော်တော်ယာဉ်အမှတ်(၁)7Q/3186 ဖြင့် ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ယာဉ်အမှတ်(၂) 7Q/3540ဖြင့် ရုံးအမှတ်(၃၂) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၃) ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။