News Image

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဌာနသို့ လှည့်လည်၍ ဈေးရောင်းချပေး

15 May 2026 : 15:05:00

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်အတွက် (၁၄-၅-၂၀၂၆)ရက်နေ့တွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်ဖြင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဌာနသို့ သွားရောက်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။