
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
13 September 2023 : 16:09:00
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၁) ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မင်္ဂလာ ခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်နှင့်တာဝန်ရှိသူများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က Myanmar Electronic Voting Machine (MEVM)စက်နှင့်စပ်လျဉ်း၍ ပဏာမရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုသူ မဲဆန္ဒရှင်အများအနေဖြင့် လွယ်ကူရိုးရှင်းစွာ မဲပေးဆောင်ရွက်နိုင်စေရန်အတွက် ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် အရာထမ်း၊ အမှုထမ်းများက ဆွေးနွေးခြင်းများနှင့် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။