News Image

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်(၂)စီးဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့သို့ လှည့်လည်၍ ဈေးရောင်းချပေး

31 October 2025 : 14:10:00

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ (၃၁.၁၀.၂၀၂၅)ရက်နေ့၌ ဈေးရောင်း မော်တော်ယာဉ် အမှတ်(၁)7Q/3186 ဖြင့် ရုံးအမှတ်(၁၇) ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ရုံးအမှတ် (၃၅) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ယာဉ်အမှတ်(၂) 7Q/3540 ဖြင့် ရုံးအမှတ်(၁၈) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၉) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။