News Image

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်(၂)စီးဖြင့် မြန်မာ့စီးပွားရေးဘဏ် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့သို့ လှည့်လည်၍ ဈေးရောင်းချပေး

30 December 2025 : 15:12:00

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ (၃၀.၁၂.၂၀၂၅)ရက်နေ့၌ ဈေးရောင်း မော်တော်ယာဉ် အမှတ်(၁)7Q/3186 ဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် နှင့် ယာဉ်အမှတ်(၂) 7Q/3540 ဖြင့် ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀) စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁) ကျန်းမာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။