News Image

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်(၂)စီးဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(မြန်မာ့မီးရထား) နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနများသို့ လှည့်လည်၍ ဈေးရောင်းချပေး

11 July 2025 : 15:07:00

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ (၁၁.၇.၂၀၂၅)ရက်နေ့၌ ဈေးရောင်းမော်တော်ယာဉ် အမှတ်(၁)7Q/3186ဖြင့် ရုံးအမှတ်(၁၁) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(မြန်မာ့မီးရထား)နှင့် ယာဉ်အမှတ်(၂)7Q/3540ဖြင့် ရုံးအမှတ်(၁၆) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ လှည့်လည်၍ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။