
နေပြည်တော်စည်ပင်သာယာကော်မတီ၊ ဈေးများဌာနမှ ဈေးရောင်းမော်တော်ယာဉ်(၂)စီးဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့သို့ လှည့်လည်၍ ဈေးရောင်းချပေး
18 September 2025 : 13:09:00
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား ဆန်၊ စားအုန်းဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ (၁၈.၉.၂၀၂၅ )ရက်နေ့၌ ဈေးရောင်းမော်တော်ယာဉ် အမှတ်(၁)7Q/3186 ဖြင့် ရုံးအမှတ်(၁၂) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာနနှင့် ယာဉ်အမှတ်(၂) 7Q/3540 ဖြင့် ရုံးအမှတ်(၂၇) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇) စက်မှုဝန်ကြီးဌာန(စက်မှု-၁)သို့ ဈေးရောင်းချပေးခဲ့ကြောင်း သိရှိရသည်။