nptdc title

Language »  English | Myanmar

ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် ဂျပန်နိုင်ငံ Kagoshima City ဆေးရုံမှ နှလုံးအထူးကုဆရာဝန်ကြီးတို့ ပူးပေါင်း၍ ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား နှလုံးသွေးကြောချဲ့ကုသမှုခံယူလိုသူအမည်စာရင်းတောင်းခံခြင်း16 July 2015 : 11:07:00

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် ဂျပန်နိုင်ငံ  Kagoshima City ဆေးရုံရှိ နှလုံးရောဂါကုသမှုဌာန၏ အတွေ့အကြုံရှိ အတိုင်ပင်ခံသမားတော်ကြီးတစ်ဦးဖြစ်သော ဒေါက်တာတာကာရှီးကာဂျီရနှင့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန်ကြီးတို့ ပူးပေါင်း၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာန၊ ရုံးအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မှီခိုသူမိဘ၊ သားသမီးမိသားစုဝင်များအား နှလုံးသွေးကြောချဲ့ ကုသခြင်းဆိုင်ရာများကို ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် ၂၀၁၅ခုနှစ် သြဂုတ်လ (၇)ရက်နေ့မှ (၁၀)ရက်နေ့ထိ ဉာဏ်ပူဇော်ခ အခမဲ့နှလုံးသွေးကြောချဲ့ ကုသမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အလားတူ နိုင်ငံခြားမှ အထူးကုဆရာဝန်ကြီးများနှင့်ပူးပေါင်း၍ နှလုံးသွေးကြောချဲ့ကုသခြင်းများအား ရန်ကုန်ရှိ အထူးကုဆေးရုံကြီးများတွင် ဆောင်ရွက်လျက်ရှိရာ နှလုံးသွေးကြောချဲ့ခြင်းအတွက် ကျပ် ၁၀၀ သိန်းခန့်နှင့် နှလုံးသွေးကြောရောဂါရှာဖွေခြင်းအတွက် ကျပ် ၃၀ သိန်းခန့် ကုန်ကျနိုင်မည်ဖြစ်ပါသည်။ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် အသစ်တပ်ဆင်ထားသော နောက်ဆုံးပေါ် Biplane Cath Lab ဖြင့်ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုဝင်များအား နှလုံးသွေးကြောချဲ့ခြင်းအတွက် ကျပ် ၅၂သိန်းခန့်နှင့် နှလုံးသွေးကြောရောဂါရှာဖွေခြင်းအတွက် ကျပ် ၅ သိန်းခွဲခန့်သာ ကုန်ကျနိုင်မည့် သက်သာသောနှုန်းထားဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၀န်ကြီးဌာန၊ ရုံးအဖွဲ့အစည်းများမှ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များအား အထက်ပါ သက်သာသောနှုန်းထားဖြင့် ဂျပန်နိုင်ငံမှ အတွေ့အကြုံရှိ နှလုံးအထူးကုဆရာဝန်ကြီးနှင့် ကုသမှုခံယူလိုသူ ဝန်ထမ်းများ၊ မှီခိုသူမိသားဝင်များ၏အမည်စာရင်းကို  အောက်ပါပုံစံအတိုင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန၊ (ဖုန်း/၀၆၇-၄၁၄၆၁၇၊ ဖက်စ်/၀၆၇-၄၁၄၁၀၇) သို့ ၂၀-၇-၂၀၁၅ ရက်နေ့အရောက် ပေးပို့ပါရန် တောင်းခံအပ်ပါသည်-

-------------------------------------- မှ  နှလုံးသွေးကြောချဲ့ကုသမှုခံယူလိုသူ ဝန်ထမ်းနှင့်မှီခိုမိသားစုများစာရင်း

 စဉ် အမည် ရာထူး မွေးသက္ကရာဇ် နိုင်ငံသားစိစစ်ရေးအမှတ် ဆက်သွယ်ရန်လိပ်စာ ဖုန်း မှတ်ချက်
             
             


 


 

မြန်မာနိုင်ငံတွင်တစ်ခုတည်းသောခေတ်မီစက်သစ်ကြီးဖြင့်နှလုံးသွေးကြောကျဉ်းရောဂါကုသမှု

ပင်မစာမျက်နှာသို့