nptdc title

Language »  English | Myanmar

အနာဂတ်မြို့ပြစီမံကိန်းမျှော်မှန်းချက်များနှင့် နေပြည်တော်မြို့တော်03 May 2017 : 16:05:00

အနာဂတ်မြို့ပြစီမံကိန်းမျှော်မှန်းချက်များနှင့် နေပြည်တော်မြို့တော်

၁။                    နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ နေပြည်တော်ပြည်ထောင်စုနယ်မြေ နှင့် နေပြည်တော်မြို့တော်တို့၏ လက်ရှိ ပကတိအခြေအနေများအတိုင်း ခြုံငုံသုံးသပ်၍ ရေရှည် မျှော်မှန်းချက်ကို သက္ကရာဇ် ၂၀၄၀ခုနှစ် အထိသတ်မှတ်ပြီး မြို့ပြစီမံကိန်းကျွမ်းကျင်ပညာရှင် ၏ အကြံပြုချက်များနှင့် ကိုက်ညီသည့် အောက်ပါလုပ်ငန်းစဉ်(၅)ရပ်အား ရည်မှန်းချက်အဖြစ်  ချမှတ်ထားပါသည်− 

(က)     သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ရေရှည်ရှင်သန်ဖွံ့ဖြိုး တိုးတက်စေမည့် မြို့တော်အဖြစ်ဖော်ထုတ်ရန် (Environmentally Sustainable City)၊

(ခ)       စိမ်းလန်းစိုပြည်၍ မြို့ပြအင်္ဂါရပ်များပြည့်စုံစွာ စနစ်တကျ ဖြည့်ဆည်း ပေးသည့် နေချင်စဖွယ်မြို့ပြကြီးအဖြစ် ဖော်ထုတ်ရန်(Green & Liveable City)၊

(ဂ)       အဆင့်မြင့်ပညာရေးကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသင်ကြား နိုင်သည့် အခွင့်အလမ်းများ၊ နိုင်ငံတကာအဆင့်မီ ပညာရေးအဆောက် အဦးများတည်ရှိရာ ဗဟိုချက်အဖြစ် ဖြည့်ဆည်းဖော်ထုတ်ရန်(Centre of Knowledge Hub)၊

(ဃ)     အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခရီးသည်ပို့ဆောင်ရေးသာမက ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်းအထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းများပါ တိုးချဲ့လုပ်ကိုင်စေ၍ နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ပေးနိုင်သည့် ဗဟိုလေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ မြို့တော်အဖြစ်ဖော်ထုတ်ရန်(International Aviation Transit,Cargo and Logistics Hub)၊

(င)       ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်အား ဖြည့်ဆည်းထားသည့် မြို့တော် အဖြစ်ဖော်ထုတ်ရန်(Climate change Resilient City)၊

၂။                    အထက်ပါ ရည်မှန်းချက်များအနက် နိုင်ငံတော်အကြီးအကဲများမှ ချမှတ်ပေးမည့် နိုင်ငံတော် ဖွံ့ဖြိုးမှုဆိုင်ရာမူဝါဒများနှင့် လိုက်လျောညီထွေသည့် ရည်မှန်းချက်များအပေါ် နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် လုပ်ငန်းအစီအစဉ်နှင့် စီမံချက်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။                    နေပြည်တော်စည်ပင်သာယာရေးကော်မတီ၌ နေပြည်တော်မြို့ပြစီမံကိန်း ရေးဆွဲ နိုင်ရေးအတွက် "GIS Team အဖွဲ့"ကို မတ်လအတွင်း ဖွဲ့စည်းထားရှိပြီး ယခုလက်ရှိတွင် မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့်ပတ်သက်၍ လိုအပ်သောနည်းပညာများဖြစ်သည့် Software, Hardware များ၊ သင်တန်းများ ဖွင့်လှစ်ခြင်းအား  ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ပင်မစာမျက်နှာသို့