nptdc title

Language »  English | Myanmar

လယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများအတွက် နစ်နာမှုထောက်ပံ့ကြေးငွေများ ပေးအပ်30 March 2017 : 11:03:00

နေပြည်တော်ကောင်စီဥက္ကဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင် ဦးဆောင်၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်း၌ ဒက္ခိဏသီရိမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ    တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ယခင်သစ်တောကျူးလယ်ယာမြေများနှင့် စိုက်ပျိုးသီးနှံများအတွက် တောင်သူ(၂၂၈)ဦးထံ နစ်နာမှုထောက်ပံ့ကြေးငွေများ ပေးအပ်သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအနီး ရတနာမဉ္ဇူလမ်းနှင့် နေပြည်တော်မြို့ပတ်လမ်း အကြားရှိ  သီးနှံစိုက်ပျိုးမြေများနှင့် ရန်အောင်မြင်သစ်တောကြိုးဝိုင်းဧရိယာအတွင်း သစ်တောကျူးမြေ စုစုပေါင်း ၄၄၄.၈၂၅ဧက အတွက် တစ်ဧကလျှင် ငွေကျပ် ၁၀သိန်းနှုန်းဖြင့် နစ်နာမှုထောက်ပံ့ကြေးငွေ ကျပ် ၄၇၃.၁၁၄ သန်းအား စုစုပေါင်း တောင်သူ (၂၂၈)ဦးထံ ပေးအပ်သည်။

၂၀၁၇ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်သစ်တောကြိုးဝိုင်းအတွင်း  သစ်တော်ကျူးမြေစုစုပေါင်း ၄၄၄.၈၂၅ဧကနှင့် စိုက်ပျိုးသီးနှံများအတွက် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူစုစုပေါင်း ၃၈၁ ဦးထံ စုစုပေါင်းနစ်နာမှုထောက်ပံ့ကြေးငွေကျပ် ၈၉၉.၀၆၅ သန်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ပင်မစာမျက်နှာသို့