16 July 2015 : 11:07:00
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် စင်္ကာပူနိုင်ငံ Mount Elizabeth ဆေးရုံမှ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်အထူးကုဆေးရုံကြီးတို့ ပူးပေါင်း၍ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဌာန၊ ရုံးအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မှီခိုသူမိဘ၊ သားသမီးမိသားစုဝင်များကို ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင် ၂၀၁၅ခုနှစ် သြဂုတ်လ (၇)ရက်နေ့မှ (၉)ရက်နေ့ထိ လည်ပင်းကြီးရောဂါ အခမဲ့ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၀န်ကြီးဌာန၊ ရုံးအဖွဲ့အစည်းများမှ လည်ပင်းကြီးရောဂါအခမဲ့ခွဲစိတ်ကုသမှုခံယူလိုသူဝန်ထမ်းများနှင့် မှီခိုသူမိသားစု၀င်များ၏ အမည်စာရင်းကို အောက်ပါပုံစံအတိုင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန၊ (ဖုန်း/၀၆၇-၄၁၄၆၁၇၊ ဖက်စ်/၀၆၇-၄၁၄၁၀၇) သို့ ၂၀-၇-၂၀၁၅ ရက်နေ့အရောက် ပေးပို့ပါရန် တောင်းခံအပ်ပါသည်-
-------------------------------------- မှ လည်ပင်းကြီးရောဂါ အခမဲ့ခွဲစိတ်ကုသမှုခံယူလိုသူ ဝန်ထမ်းနှင့်မှီခိုမိသားစုများစာရင်း
စဉ် | အမည် | ရာထူး | မွေးသက္ကရာဇ် | နိုင်ငံသားစိစစ်ရေးအမှတ် | ဆက်သွယ်ရန်လိပ်စာ | ဖုန်း | မှတ်ချက် |
၁ | |||||||
၂ |